Local News

ပဲကြီးဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ပဲကြီးကို နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်း ပဲကြီးကို ၁၀၂၈၆၅ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ပဲကြီးသည် စားသုံးမှုများသည့် သီးနှံတစ်ခုဖြစ်သည့်အတွက် ပြည်တွင်းဝယ်လိုအား အခိုင်အမာရှိသည့် သီးနှံတစ်ခုလည်းဖြစ်သည်။ ပဲကြီးကို ပဲကြီးလှော် လုပ်ငန်းရှင်နှင့် ပဲကြော်လုပ်ငန်းရှင်များမှ ဝယ်လိုအား ပုံမှန်ရှိနေသည်။ အိမ်ရှင်မများမှာ ပဲကြီးကိုနှပ်၍လည်းကောင်း၊ ဟင်းချိုချက်၍လည်းကောင်း ချက်စားကြသည်။
ပြီးခဲ့တဲ့ဇွန်လတွင် ပဲကြီးဈေးငြိမ်နေရာမှ ဇွန်လကုန်နှင့် ယခုဇူလိုင်လတွင် ဈေးအနည်းငယ်မြင့်တက်လာသည်။ ဇွန်လတွင် ပဲကြီး ၂၀ ပိဿာ တစ်တင်းလျှင် ၉၅၀၀၀ ကျပ် ဈေးဖြင့် ငြိမ်နေသော်လည်း ဇွန်လကုန်နှင့် ဇူလိုင်လဆန်းတွင် ပဲကြီး ၂၀ ပိဿာ တစ်တင်းလျှင် ၉၇၀၀၀ ကျပ်ဈေးဖြင့် တစ်တင်းလျှင် ၂၀၀၀ ကျပ် အနည်းငယ်ဈေးတက်လာကြောင်း အောင်လံကုန်စည်ဒိုင် ဈေးနှုန်းစာရင်းအရသိရှိရသည်။ 

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News